University of Medicine, Mandalay
Interim Council
University of Medicine, Mandalay
Interim Council
University of Medicine,Mandalay
Interim Council
Previous
Next

“Education is a human right with immense power to transform. On its foundation rest the cornerstones of freedom, democracy and sustainable human development.”

pngwing.com
download

A brief history of the University Council

ဆေးတက္ကသိုလ် – မန္တလေး ကျောင်းသားများသမဂ္ဂသည် အကြမ်းဖက်စစ်ကောင်စီက တိုင်းပြည်အာဏာကို အတင်းအဓမ္မ စတင်လုယူသွားသော ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းကပင် ဖက်ဆစ်စစ်တပ်၏လုပ်ရပ်အား ပြင်းထန်စွာရှုံ့ချကြောင်း စာထုတ်ပြန်ခဲ့ကာ စစ်အာဏာရှင်တိုက်ဖျက်ရေး လုပ်ငန်းများကို ယနေ့အချိန်ထိ တစ်စိုက်မတ်မတ် လုပ်ကိုင်ခဲ့ပါသည်။ ထို့အတူ ဆေးတက္ကသိုလ် – မန္တလေးကျောင်းသားထုမှာလည်း အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်နေသောလအတွင်း မည်သည့်နည်းဖြင့်ခြိမ်းခြောက်ပါစေ လုံးဝဥဿုံ ကျောင်းဆက်တက်မည်မဟုတ်ကြောင်း အတန်းလိုက် စာထုတ်ပြန်ကာ သပိတ်မှောက်ဆန္ဒပြခဲ့ကြောင်းလည်း အများသူငှာ သိရှိပြီးသားဖြစ်သည်။ ထိုမျှသာမက ဆေးတက္ကသိုလ် – မန္တလေးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ဆရာဆရာမများနှင့် ဝန်ထမ်းပေါင်းစုံတို့သည်လည်း စစ်အာဏာရှင်လက်ထက်တွင် အာဏာဖီဆန်သည့်အနေဖြင့် ရုံးပြန်မတက်ပဲ CDM ပြုလုပ်နေခဲ့ကြသည်မှာလည်း ယနေ့ထက်တိုင်ပင်ဖြစ်သည်။ ထို့ကြောင့် ဆေးတက္ကသိုလ် – မန္တလေး၏ ကျောင်းသားထု၊ ဆရာထုနှင့် ဝန်ထမ်းထုတို့သည် ဤတရားမဝင်သော ဖက်ဆစ်စစ်ကောင်စီ၏ အမိန့်ဟူသမျှကို ဆန့်ကျင်သပိတ်မှောက်ခဲ့ရာ အနာဂတ်တွင်လည်း ထိုသို့ပင်ဇွဲလျှော့ခြင်းမပြုပဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သန္ဓိဋ္ဌာန်ချထားသည်မှာ ထင်ရှားပြီးဖြစ်သည်။ ဤသို့ဖြင့် အနာဂတ်တွင် အမိကျောင်းတော် ဆေးတက္ကသိုလ် – မန္တလေးအား အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီလက်ပါးစေတို့ထိန်းချုပ်မည့် အုပ်ချုပ်ရေးယန္တရားရန်အား ကြိုတင်ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ဆေးတက္ကသိုလ် – မန္တလေး ကြားကာလ ယာယီတက္ကသိုလ်ကောင်စီအား ကျောင်းသားထု၊ ဆရာထု၊ ဝန်ထမ်းထုတို့၏ ဘုံသဘောတူညီချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၅ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

အဖွဲ့ဝင်များ

ဆေးတက္ကသိုလ် - မန္တလေး ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်အား နာယကအဖြစ် အမှုးထား၍ ကြားကာလ ယာယီတက္ကသိုလ်ကောင်စီအား အဖွဲ့ဝင် (၁၆) ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်။

 

၁။ ဆရာ/ဆရာမ ကိုယ်စားလှယ်                         (၅) ဦး

၂။ ကျောင်းသား ကိုယ်စားလှယ်                          (၄) ဦး

၃။ ကျောင်းသားဟောင်း ကိုယ်စားလှယ်               (၃) ဦး

၄။ ဝန်ထမ်းကိုယ်စားလှယ်                                  (၂) ဦး

၅။ ပြင်ပ ပညာရှင်                                             (၂) ဦး

အခြေခံ မူဝါဒများ


၁။ ဤ ဆေးတက္ကသိုလ် - မန္တလေး ကြားကာလ ယာယီတက္ကသိုလ်ကောင်စီသည် ဆေးတက္ကသိုလ် - မန္တလေး၏ ကျောင်းသားများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများအားလုံးကို အကြွင်းမဲ့ ကိုယ်စားပြုသည်။

၂။ ဤ ဆေးတက္ကသိုလ် - မန္တလေး ကြားကာလ ယာယီတက္ကသိုလ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးအား အသိအမှတ်ပြု၍ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားမည်။

၃။ ဤ ဆေးတက္ကသိုလ် - မန္တလေး ကြားကာလ ယာယီ တက္ကသိုလ်ကောင်စီသည် အကြမ်းဖက်ကောင်စီကို အမြစ်ပြတ်တော်လှန်သော ကာလအတွင်း ဆေးတက္ကသိုလ် - မန္တလေး၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များတွင် အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်း ဖြစ်သည်။

၄။ ဆေးတက္ကသိုလ် - မန္တလေးအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်အဖြစ်ကြေညာသော တက္ကသိုလ်ပဋိညာဥ်ကို ရေးဆွဲရမည်