University of Medicine, Mandalay
Interim Council
University of Medicine, Mandalay
Interim Council
University of Medicine, Mandalay
Interim Council
Previous
Next

ဆေးတက္ကသိုလ် မန္တလေး ကျောင်းသားများသမဂ္ဂ

တော်လှန်ရေးကာလ လှုပ်ရှားမှု

ဆေးတက္ကသိုလ် မန္တလေး ကျောင်းသားများ သမဂ္ဂအနေဖြင့် February လ အာဏာသိမ်းပြီးချိန်မှ စ၍ မြေပြင်သပိတ်များကို ကျောင်းသားထုနှင့်အတူ ဦးဆောင် ဆင်နွှဲခဲ့သည်။ ထို့ပြင် Online Campaign များ၊ ဘူးသပိတ်တိုက်ပွဲစသည်တို့တွင်လည်း လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။

AMSU

သမိုင်းကြောင်း

 

ဆေးတက္ကသိုလ် မန္တလေး ကျောင်းသားများ သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီကို (၂၅.၂.၂၀၁၅) တွင် အဖွဲ့ဝင် (၄၂) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီ၍ ကြိုးပမ်းမှုဖြင့် “ဆေးတက္ကသိုလ် မန္တလေး ကျောင်းသားများ သမဂ္ဂ” သည် ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် လွတ်လပ်သော ကျောင်းသား သမဂ္ဂအဖြစ် ဝံ့ကြွားစွာရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။ ယခုဆိုလျှင် သက်တမ်း ၆ နှစ်ကျော်ခဲ့ပြီဖြစ်ပြီး နှစ်စဉ် ရွေးကောက်ပွဲကျင်းပ၍ ကျောင်းသားကိုယ်စားလှယ်များရွေးချယ်ကာ ကျောင်းသားများ အကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်လျက်ရှိသည်။

 

AMSU

ဆေးတက္ကသိုလ်မန္တလေး ကျောင်းသားများ သမဂ္ဂသည် ဆေးနှင့်ဆေးနှီးနွယ် ကျောင်းသားများသမဂ္ဂ အဖွဲ့ – Association of Medical Students’ Union (AMSU) ၏ အဖွဲ့ဝင်လည်းဖြစ်ပါသည်။

AMSU နှင့်အတူ နိုင်ငံရေးလှုပ်ရှားမှုများ၊ ကျောင်းသားအရေး လှုပ်ရှားမှုများနှင့် လူမှုအကျိုးပြုလုပ်ငန်းများကိုလည်း လှုပ်ရှားဆောင်ရွက်ခဲ့သည်။

Announcements from UMMSU Official Page